မြန်မာနိုင်ငံ၏ ပထမဆုံး ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်း ၇၃ ဒသ မ ၁၇ ရာခိုင်နှုန်းပြီးစီးပြီဖြစ် ၂၀၂၄ ခုနှစ်၊အောက် တိုဘာလတွင် ရာနှုန်းပြည့်ပြီးစီးမည်

0
336

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင်အ မှတ် ၂၉၃ အနီးတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ၏ ပထမဆုံး ၅၀၀ ကေဗွီ ကံကောင်း ဓာတ်အားခွဲရုံတည် ဆောက်ရေးစီမံကိန်း ၇၃ ဒသမ ၁၇ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအား လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိခြင်းဖြစ်ကာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းမှ စက်တင် ဘာ ၂၃ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ယခု စီမံကိန်းသည် နိုင်ငံ၏လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးကဏ္ဍတွင် အရေးပါသောစီမံကိန်းဖြစ်၍ ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများအလိုက် ပြီးစီးရမည့်အချိန်ဇယားများရေးဆွဲကာ အရည် အသွေးပြည့်မီစွာ သတ်မှတ်ချိန်အတွင်းပြီးစီးနိုင်ရန် အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းလုပ်ငန်းခွင်အတွင်း ထရန်စဖော်မာများနှင့် Shunt Reactor တပ်ဆင်ပြီးစီးမှု၊ Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်ပြီးစီးမှု၊ 500 kV Switch Bay နှင့် 230 kV Switch Bay တည် ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုနှင့် Control Building တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဆုံး အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံဖြစ်ကာ စီမံကိန်းပြီးစီးပါက နိုင်ငံမြောက်ပိုင်းတွင်တည်ရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို နိုင်ငံ၏တောင်ပိုင်းသို့ ပြည့်ဝစွာပို့လွှတ်နိုင်မည်ဖြစ်သည်။

လက်ရှိအချိန်၌ စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၃ ဒသမ ၁၇ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကာ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် စီမံကိန်းတစ်ခုလုံး ရာနှုန်း ပြည့်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here