အောက်တိုဘာ (၁) ရက်မှစတင်ပြီး YBS ယာဉ်လိုင်းအချို့ ယာဉ်လိုင်းနံပါတ်အသစ်ဖြင့် ပြောင်းလဲပြေးဆွဲမည်

0
475

လာမည့်အောက်တိုဘာ ၁ ရက်မှစတင်ပြီး ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအချို့သည် ယာဉ်လိုင်းနံပါတ်အသစ်ဖြင့် ပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း ယာဉ်လိုင်းများ၏ ကြေညာချက်အရ သိရသည်။

အနောက်ပိုင်းတက္ကသိုလ်-လသာ YBS – 21၊ အနောက်ပိုင်းတက္ကသိုလ်-မော်တင် YBS – 21 အစား YBS – 131၊ အနောက်ပိုင်းတက္ကသိုလ်-လင်းစဒေါင်း YBS – 79၊ အနောက်ပိုင်းတက္ကသိုလ်-ဗိုလ်တထောင်ဘုရား YBS – 79 အစား YBS – 132၊ ရတနာနှင်းဆီအိမ်ရာ-ဗိုလ်ချုပ်စျေး YBS – 4၊ ယုဇနဥယျာဥ်မြို့တော်-ဗိုလ်ချုပ်စျေး YBS – 4 အစား YBS – 133 အဖြစ် ယာဉ်နံပါတ် ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၁၆၈ ရပ်ကွက်-သုမနလမ်း-လသာ YBS – 8၊ ၁၆၈ ရပ်ကွက်-ယမုံနာလမ်း-လသာ YBS – 8(minibus) အစား YBS – 134၊ ဒဂုံတက္ကသိုလ်-ကန်ကြီးထောင့်(သာကေတ) YBS – 10၊ ဒဂုံတက္ကသိုလ်-ကန်ကြီးထောင့်(သာကေတ) YBS – 10(minibus) အစား YBS – 135 အနေဖြင်း ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်သည်။

အလားတူ အောင်မင်္ဂလာ အဝေးပြေး-လသာ YBS – 11၊ အောင်မင်္ဂလာအဝေးပြေး-လသာ YBS – 11(minibus) အစား YBS – 136၊ ဒဂုံတက္ကသိုလ်-ပြည်လမ်း-တညင်းကုန်း YBS – 15၊ ဒဂုံတက္ကသိုလ်-ကြိုးတံတား-ပေါက်တောဝ YBS – 15 အစား YBS – 137၊ ဒဂုံဧရာအဝေးပြေး-ရွှေပေါက်ကံ (ဆေးရုံကွေ့) YBS – 17၊ ဒဂုံဧရာအဝေးပြေး-ရွှေပေါက်ကံ (ဆင်ဖုံ) YBS – 17(minibus) အစား YBS – 138၊ ရွှေပေါက်ကံတံတားထိပ်-ဆူးလေ YBS – 29 ဒဂုံတက္ကသိုလ် – ဆူးလေ YBS – 29 အစား YBS – 139၊ ရွှေပြည်သာ(ဝါးတရာ) -လသာ YBS – 39၊ ရွှေပြည်သာ(လှော်ကားတာဆုံ)-မော်တင် YBS – 39(GYCT) အစား YBS – 140 သို့ ပြောင်းလဲသွားမည်ဟု သိရသည်။

ထို့အပြင် ရွှေပြည်သာ(လိန်ကုန်း)-သခင်မြပန်းခြံ YBS – 40၊ ရွှေပြည်သာ(ညရပ်ကွက်)-သခင်မြပန်းခြံ YBS – 40 အ စား YBS – 141၊ ရွှေပြည်သာ(လိန်ကုန်း)-သခင်မြပန်းခြံ YBS – 40(PST) အစား YBS – 142၊ ရွှေပြည်သာ(သံဒင်း) -သခင်မြပန်းခြံ YBS – 40 အစား YBS – 143၊ တောင်ဒဂုံ(ကျောက်လမ်း)-ဗဟိုအမျိုးသမီးဆေးရုံ YBS – 59၊ တောင်ဒဂုံ(ကျောက်လမ်း)-ဗဟိုအမျိုးသမီးဆေးရုံ YBS – 59(minibus) အစား YBS – 144၊ ရွှေပြည်သာ(လှော်ကားတာဆုံ)-ဗိုလ်တထောင်ဘုရား YBS – 65၊ ရွှေပြည်သာ(လိန်ကုန်း)-ဗိုလ်တထောင်ဘုရား YBS – 65 အစား YBS – 145 အဖြစ် အသီးသီး ယာဉ်နံပါတ်များ ပြောင်းလဲကာ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်

ဖော်ပြပါယာဥ်လိုင်းများသည် ယာဥ်လိုင်းနံပါတ်အသစ်များဖြင့် ပြောင်းလဲပြေးဆွဲခြင်းသာဖြစ်ပြီး ခရီးစဥ်လမ်းကြောင်းအပြောင်းအလဲမရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here