ပြည်မြို့တွင် အမျိုးသားတစ်ဦး ဆောက်လက်စ တိုက်အမြင့်မှ ပြုတ်ကျ၍ လည်ပင်းထိုး-သွင်း-ဒဏ်ရာဖြင့် သေ-ဆုံး

0
288

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ယနေ့ စက်တင်ဘာ (၂၄) ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး ဆောက်လက်စ တိုက်အမြင့်မှ ပြုတ်ကျ၍ လည်ပင်းထိုး-သွင်း-ဒဏ်ရာဖြင့် သေ-ဆုံးခဲ့မှု ဖြစ်ပွားကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ သိရသည်။

စက်တင်ဘာ (၂၄) ရက် နံနက် (၁၀)နာရီခွဲ အချိန်ခန့်တွင် ပြည်မြို့၊ ရွာဘဲနယ်မြေ၊ ဦးဝင်းမြစက်လမ်းရှိ ဆောက်လက်စ အထပ်မြင့်ပေါ်မှ ပြုတ်ကျ၍ အမျိုးသားတစ်ဦး လည်ပင်းထိုး-သွင်း-ဒဏ်ရာဖြင့် သေ-ဆုံးနေသဖြင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)၊ ပရဟိတပါရမီသို့ ဆက်သွယ်အကြောင်းကြားသဖြင့် ခေတ္တရာလူငယ်များ သာရေး/နာရေးကူညီပံ့ပိုးမှုအသင်းနှင့် ပူးပေါင်း၍ အရေးပေါ်သွားရောက် ကူညီပေးခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်ကို သက်ဆိုင်ရာနယ်မြေခံ ရဲတပ်ဖွဲ့မှ စစ်ဆေးမှူများပြုလုပ်ပြီးနောက် ရုပ်အလောင်းအား ပြည်ဆေးရုံကြီး ရင်ခွဲရုံသို့ ခေတ္တရာလူငယ်များအသင်းမှ နိဗ္ဗာန်ယာဉ်ဖြင့် ပရဟိတပါရမီမှ ပူးပေါင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here