လာမည့် အောက်တိုဘာလမှစပြီး ပြည်ပရောက် မြန်မာများ၏ လစာအပေါ် အခွန်ကောက်ခံမည်

0
273

လာမည့် အောက်တိုဘာလမှစတင်ပြီး ပြည်ပရောက် မြန်မာလုပ်သားများ၏ လစာအပေါ် ဝင်ငွေခွန်ပေးရမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ပြင်ဆင်ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။

အဆိုပါ ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် ဥပဒေတွင် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၂၂ ကို ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၈၊ ပုဒ် မခွဲ (က)ပါ ဝင်ငွေခေါင်းစဉ်များအနက် လစာမှအပ ပြည်ပနေ နိုင်ငံသားများ၏ နိုင်ငံခြားငွေနှင့် ပြည်ပမှရရှိသည့် စုစုပေါင်းဝင်ငွေအပေါ်ရရှိသည့် နိုင်ငံခြားငွေအမျိုးအစားနှင့် ၁၀ ရာခိုင်နှုန်းကို ဝင်ငွေခွန် စည်းကြပ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

“လစာအပေါ် ဝင်ငွေခွန်ပေးရမယ်ဆိုတာ ဘယ်လိုပုံစံနဲ့ပေးရမလဲဆိုတာတော့ မသိသေးဘူး ခုချိန်ထိ။ ဒါပေမဲ့ ပြည်ပရောက်အလုပ်သမားတော်တော်များများက အပြင်ကနေပဲလွှဲကြတာများတယ်။ ဘဏ်တွေကပေးတဲ့ဈေးက နိမ့်နေတော့ အဆင်မပြေဘူး။ ဘဏ်တွေကနေတစ်ဆင့် လွှဲမယ် ဒီဘက်ရောက်ရင် အခွန်က တစ်ခါထပ်ဖြတ်မယ်ဆိုရင်ဘယ်လိုဖြစ်မလဲ မသိဘူး “ဟု ဂျပန်ရောက်မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

အလားတူ ၂၀၂၃ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၃၁ ၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ်(၄)ကို ပယ်ဖျက်လိုက်ပြီး ယင်းပယ်ဖျက်လိုက်သည့် ယခင်ပြဋ္ဌာန်းချက်မှာ ပြည်ပနေ နိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့် ရရှိသည့် လစာဝင်ငွေကို ဝင်ငွေခွန် ကင်းလွတ်ခွင့် ပြုသည်ဆိုသည့်အချက်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြင်ဆင်ချက်အရ ပြည်ပရောက် မြန်မာလုပ်သားများအနေဖြင့် တစ်နှစ်လစာ သိန်း (၂၀) မှ (၁၀၀) ကြားရရှိသူများမှ မိမိရရှိသည့် လစာ၏ ၅ ရာခိုင်နှုန်းကို အစိုးရထံ အခွန်အနေဖြင့် ပေးဆောင်ရမည်ဖြစ်ပြီး သိန်း (၁၀၀) အထက် ရရှိသူများမှာ ၁၀ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်သည်။

ထို့အပြင် ကျပ်သိန်း (၃၀၀) မှ (၅၀၀) ကြားကို အခွန် (၁၅) ရာခိုင်နှုန်း ၊ သိန်း (၅၀၀) မှ သိန်း (၇၀၀) ကြားရရှိသူများအ‌နေဖြင့် (၂၀) ရာခိုင်နှုန်း နှင့် သိန်း (၇၀၀) အထက် နှစ်စဉ်လစာရရှိသူများအနဖြင့် မိမိလစာ၏ (၂၅) ရာခိုင်နှုန်းအထိ အခွန်ပေးဆောင်ကြရမည်ဖြစ်ကြာင်း သိရသည်။

၂၀၂၃ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ လာမည့် အောက်တိုဘာ (၁) ရက်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။

Photo -အလုပ်သမားသံအရာရှိရုံး


LEAVE A REPLY

Please enter your comment!
Please enter your name here