ဆီစက်လုပ်ငန်းရှင်များကို ဒုတိယအကြိမ် ချေးငွေထုတ်ချေးမည်

0
174

ပထမတစ်ကြိမ်တွင် ဆီစက်ချေးငွေမရရှိသည့် လုပ်ငန်းရှင်များကို ဒုတိယအကြိမ် ချေးငွေထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။

ချေးငွေရယူလိုသည့် လုပ်ငန်းရှင်များအနေဖြင့် ဆီစက်ချေးငွေအဆိုပြုလွှာပုံစံကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ဝက်ဘ်ဆိုက်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် အခမဲ့ရယူနိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ချေးငွေလျှောက်ထားရာတွင်လည်း လေ့လာပြင်ဆင်နိုင်ရန် စံသတ်မှတ်ချက်များကို ယင်းဝက်ဘ်ဆိုက်များတွင် လေ့လာကြည့်ရှုနိုင်ကြောင်း၊ ချေးငွေအဆိုပြုလွှာကို အောက်တိုဘာ(၂၃) ရက်တွင် ပိတ်သိမ်းမည်ဖြစ်ပြီး ချေးငွေအဆိုပြုလွှာနှင့် စာရွက်စာတမ်းများကို ချိတ်ပိတ်စာအိတ်တွင် ထည့်သွင်းကာ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်သို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့နိုင်ကြောင်းလည်း သိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထဲမှ ပထမအကြိမ် ဆီစက်ချေးငွေအဖြစ် ကျပ်ဘီလီယံ(၅၀)ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here