ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ယနေ့ စက်တင်ဘာ (၂၄) ရက် နံနက် (၄) နာရီခွဲခန့်က စျေးရောင်းသည့်ဘေးတွဲဆိုင်ကယ်နှင့် ဆိုင်ကယ်တစ်စီးတိုက်မိခဲ့ကြောင်း ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။
“စျေးရောင်းတဲ့ ဘေးတွဲဆိုင်ကယ်နဲ့ ဆိုင်ကယ်တိုက်မိတာ။ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသမီးက မျက်ခုံးကွဲဒဏ်ရာရသွားတယ်။ မစိုးရိမ်ရပါဘူး။ ဘေးတွဲဆိုင်ကယ်ကတော့ ဘာမှမဖြစ်ဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးအား ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် တာချီလိတ်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Photo-ဦးလှမိုး(တာချီလိတ်)အသင်း