ကရင်ပြည်နယ်သို့ လာရောက်လေ့လာလည်ပတ်ပြီး ထပ်မံလာရောက်လည်ပတ်ချင်စိတ်ရှိအောင် ခရီးစဉ်ဒေသများကို ပြင်ဆင်ထားရန် လိုအပ်

0
202

ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ ကရင်ပြည်နယ်သို့ လာရောက်လေ့လာလည်ပတ်ပြီးပါက ထပ်မံလာရောက်လည်ပတ်ချင်စိတ်ရှိအောင် ခရီးစဉ်ဒေသများကို ပြင်ဆင်ပြီး ပွင့်လင်းရာသီ ခရီးစဉ်ဒေသများ၌ လိုအပ်သည်များ ဖြည့်ဆည်းထားစေလိုကြောင်း ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောဆိုလိုက်သည်။

ကရင်ပြည်နယ်မှာ စိမ်းလန်းစိုပြေသော တောတောင်ရေမြေစိမ့်စမ်း သဘာဝလိုဏ်ဂူများဖြင့် ခရီးသွား လည်ပတ် အပန်းဖြေရန် ကောင်းမွန်သော ပြည်နယ်တစ်ခုဖြစ်ပြီး ခရီးသွားလုပ်ငန်း ပိုမိုဖွံဖြိုးတိုးတက်ရေးအတွက် ကော်မတီဝင်များမှ အချိတ်အဆက်မိမိဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောသည်။

ကရင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံဖြိုးတိုးတက်လာစေရေး၊ ကရင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏(၉/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာ (၂၁) ရက် က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃)၌ ကျင်းပရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပွင့်လင်းရာသီအတွက် ခရီးစဉ်ဒေသများ၊ ဟိုတယ်၊ မိုတယ်နှင့်တည်းခိုခန်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သင့်တင့်သောနှုန်းထားဖြင့် အဆင့်အတန်းမီမီ တည်းခိုလည်ပတ်နားနေနိုင်ရေးနှင့် ထူးဆန်းပြီး အံ့ဩဖွယ်ရာ ခရီးစဉ်ဒေသများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ပြောသည်။

အစည်းအဝေးတွင် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လင်းက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဒေသကော်မတီမှ လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ယခုအစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ရမည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here