ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၅) ခေမာလမ်းသွယ်တွင် နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွား

0
289

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅)၊ ခေမာလမ်းသွယ်တွင် နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားကြောင်း ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ သိရသည်။

စက်တင်ဘာ (၂၄)ရက် (၅)နာရီကျော် အချိန်ခန့်က မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့ အဖွဲ့တွေ နောက်တစ်နေရာ ဆက်သွားနေလို့ ပြန်မရောက်ကျသေးတော့ ဖြစ်စဉ် အတိကျ မသိရသေးဘူးခင်ဗျ။”ဟု သွားရောက်ကူညီခဲ့သည့် သန္တိသုခလူမူကူညီရေး အသင်းဝင် တစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်ကို ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးနှင့် သန္တိသုခ လူမူကူညီရေးအသင်းမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ (၅)နာရီ၊ မိနစ် (၃၀) အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here