အိန္ဒိယကို သရေကစားပြီး မြန်မာယူ ၂၄ အသင်း နောက်တစ်ဆင့်တက်ရောက်

0
307

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် ၁၉ ကြိမ်မြောက်အာရှ အားကစားပွဲတော် Asian Games Hangzhou 2022 ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်တွင် အိန္ဒိယကို သရေက စားပြီး မြန်မာယူ ၂၄ အသင်း နောက်တစ်ဆင့်တက်ရောက်သွားကြောင်း သိရသည်။

အုပ်စုနောက်‌ဆုံးပွဲစဥ်တွင်် မြန်မာယူ ၂၄ အသင်းသည် အိန္ဒိယအသင်းကိို သရေရလဒ် ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာယူ ၂၄ အသင်းနှင့် အိန္ဒိယအသင်းတို့ ယနေ့ မြန်မာစံ‌တော်ချိန် ည‌နေ ၆ နာရီ က ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ၂၄ အသင်းသည် အုပ်စုပွဲစဉ် အားလုံးယှဉ်ပြိုင်ပြီးချိန်တွင် ရမှတ် (၄) မှတ်ရရှိထားသည့်အတွက် အကောင်း‌ဆုံး တတိယအသင်းတွင်ပါ၀င်ခဲ့ပြီး နောက်တစ်ဆင့်သို့တက်ရောက်သွားခဲ့ခြင်းဖြစ်သည်။

၂၀၂၂ အာရှအားကစားအမျိုးသား ယူ၂၄ ဘောလုံးအုပ်စုပွဲစဥ်များအပြီး အကောင်းဆုံးအုပ်စု တတိယနေရာရ (၄) သင်းမှာ အင်ဒိုနီးရှား၊ ကာတာ၊ ထိုင်း၊ မြန်မာအသင်းတို့ဖြစ်ပြီး (၁၆) သင်းရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့သည်။

မြန်မာအသင်းမှာ (၁၆) သင်းအဆင့်တွင် ဂျပန်အသင်းနှင့် လာမည့် စက်တင်ဘာ (၂၈) ရက်တွင် ခက်ခဲစွာယှဥ်ပြိုင်ကစားရဦးမည်ဖြစ်ကြောင်း သိရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here