မှော်ဘီမြို့အားဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့

0
165

ရန်ကုန်တိုင်း၊မှော်ဘီမြို့အားဗဟိုပြု၍ စက်တင်ဘာ ၂၅ ရက်(ယနေ့)နံနက်ပိုင်းက အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယနေ့နံနက် ၇ နာရီ ၂၀ မိနစ် ၄၂ စက္ကန့်က မှော်ဘီမြို့၏ မြောက်-အနောက်မြောက်ဘက်(၅)မိုင်ခန့် အကွာ၊ မြောက်လတ္တီတွဒ်(၁၇ ဒသမ ၁၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၅ ဒသမ ၉၈)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၄ ရက်(ယမန်နေ့)ညနေ ၅ နာရီ ၄၄ မိနစ် ၃၇ စက္ကန့်ကလည်း တိုက်ကြီးမြို့အားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here