ကျောင်းသား ကလေးငယ် နင်းလာသည့် စက်ဘီးနှင့်ကားတိုက်မိခဲ့မှု သာကေတတွင် ဖြစ်ပွား

0
380

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ မြင်တော်သာလမ်းမကြီးပေါ်ရှိ ကျောင်းကွေ့မှတ်တိုင်အနီးတွင် ယနေ့ စက်တင်ဘာ (၂၅) ရက် နံနက် (၈) နာရီခွဲခန့်က ကားတစ်စီးနှင့် ကျောင်းသားကလေးငယ်နင်းလာသည့် စက်ဘီးတို့တိုက်မိခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

“ကျောင်းသားလေးက အသက်(၁၂)နှစ်လောက်ပဲရှိပါသေးတယ်။ တိုက်မိတဲ့အရှိန်နဲ့ ခေါင်းမှာ ထိခိုက်ဒဏ်ရာရသွားပါတယ်။ မစိုးရိမ်ရပါဘူး။ ကားရှေ့ပိုင်းဘယ်ဘက်ဘေးနဲ့ တိုက်မိတာပါ”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်အား သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် လူမှုစေတနာလူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here