အာရှအားကစားပြိုင်ပွဲ ဒုတိယပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်း နိုင်ပွဲတွေ့ရှိ

0
232

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် ၁၉ ကြိမ်မြောက်အာရှ အားကစားပွဲတော် Asian Games Hangzhou 2022 ပြိုင်ပွဲ ဒုတိယပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်း နိုင်ပွဲတွေ့ရှိခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အသင်းနှင့် ဟောင်ကောင်အသင်းတို့ ယနေ့ မြန်မာစံ‌တော်ချိန် နေ့လယ် ၂ နာရီ ၃၀ မိနစ်က ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းက ဟောင်ကောင် အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ကာ အနိုင်ဂိုးကို မြတ်နိုးခင်က ပွဲကစားချိန် ၆၉ မိနစ်တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် Asian Games ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ဒုတိယပွဲစဉ်တွင်ပင် နိုင်ပွဲစတင်တွေ့ရှိခဲ့ကာ စက်တင်ဘာ ၂၈ ရက်တွင် ဖီလစ်ပိုင်အသင်းနှင့်အုပ်စုနောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here