ဒုဝန်ကြီး တစ်ဦးနှင့် UEC အဖွဲ့ဝင် တစ်ဦးအား တာဝန်မှ အနားပေးပြီး အစားထိုး ခန့်အပ်ခြင်းများ ပြုလုပ်

0
869

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒုတိယဝန်ကြီး တစ်ဦးနှင့် UEC တစ်ဦးတို့အား တာဝန်မှအနားပေးကာ ၎င်းတို့၏နေရာတွင် အစားထိုး ခန့်အပ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ရေးထိုးကာ ယနေ့ စက်တင်ဘာ (၂၅) ရက် ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ ထုတ်ပြန်သည့် နစက၏ အမိန့်အမှတ် ၈၉/၂၀၂၃ အရ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးညွှန့်အောင်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဘရန်ရှောင် တို့အား တာဝန်မှ အနားယူခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အမိန့်အမှတ် ၉၀/၂၀၂၃ ဖြင့် ဦးခင်ဇော်အား လစ်လပ်သွားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၏ နေရာတွင် အစားထိုးခန့်အပ်ကြောင်း ထုတ်ပြန်ထားသ ည်။

ထို့အတူ လစ်လပ်သွားသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအဖြစ် ဦးမင်းမင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးအဖြစ် ဦးလွင်ဦးတို့အား ခန့်အပ်တာဝန်ပေးကြောင်း နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ရေးထိုးကာ အမိန့်အ မှတ် ၉၁/၂၀၂၃ ဖြင့်ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here