အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အတွက် ရုရှားနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းသည်သာမန်ကိစ္စတစ်ခုသာဖြစ်ဟု ကင်မ်ဆို

0
227

ဆိုးလ်၊စက်တင်ဘာ ၂၅

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်၏ ရုရှားခရီးစဉ်အပေါ်ဝေဖန်ခဲ့သည့် တောင်ကိုရီးယားသမ္မတအား မြောက်ကိုရီးယားကဝေဖန်ရှုံ့ချခဲ့သည်။

ရုရှားနှင့် ၎င်းတို့သည်အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့်အတွက် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ခြင်းသည် သဘာဝဖြစ်သည်ဟု မြောက်ကိုရီးယားကဆိုခဲ့သည်။

ယူကရိန်းစစ်အတွက်ရုရှားအား မြောက်ကိုရီးယားကလက်နက်ကူညီပြီး မြောက်ကိုရီးယားနျူဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အတွက် ရုရှားဘက်ကနည်းပညာပြန်ကူညီပေးနိုင်သည်ဟုလည်း မစ္စတာယွန်းကယူဆထားပြီး ယင်းသို့အမှန်တကယ်လုပ်ခဲ့ပါက တိုက်ရိုက်ရန်စခြင်းပင်ဖြစ်သည်ဟုလည်း မစ္စတာယွန်းကကုလအထွေထွေညီလာခံ၌ဆိုခဲ့သည်။

KCNA သတင်းဌာန၏ဖော်ပြချက်တစ်ခု၌မူ မြောက်ကိုရီးယားနှင့်ရုရှားတို့၏ ချစ်ကြည်ရင်းနှီးမှုအပေါ် ဆိုးဆိုးရွားရွားဝေဖန်ခဲ့သည့် တောင်ကိုရီးယားအား မြောက်ကိုရီးယားဘက ဝေဖန်ရှုံ့ချခဲ့ပြီး  တောင်ကိုရီးယားသည်အမေရိကန်၏လက်ကိုင်တုတ်အဖြစ် အမေရိကန်အာဘော်လိုက်နေခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here