ရန်ကုန်တိုင်းအတွင်း ယမန်နေ့ညက မိနစ်ပိုင်းသာခြား၍ ကားမီးလန့်မှု ၂ ကြိမ်ဖြစ်ပွားခဲ့

0
223

ရန်ကုန်တိုင်း၊ကျောက်တန်းမြို့နယ်နှင့်ကမာရွတ်မြို့နယ်တို့တွင် စက်တင်ဘာ ၂၅ ရက်ညပိုင်းက မိနစ်ပိုင်းသာခြား၍ ကားမီးလန့်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယမန်နေ့ည ၈ နာရီ ၃၉ မိနစ်ခန့်က ကျောက်တန်းမြို့နယ်၊သီလဝါဖွံဖြိုးရေးလမ်းမကြီးပေါ်တွင် ကားတစ်စီးမီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ကျောက်တန်းမြို့နယ်မီးသတ်စခန်း၊သီလဝါဆိပ်ကမ်းနယ်မြေမီးသတ်စခန်းတို့မှမီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ရန်သွားရောက်ခဲ့ကြသည်။

အခင်းဖြစ်နေရာတွင် ကားမီးလောင်မှုဖြစ်စဥ်မရှိဘဲ ကားမီးလန့်မှုသာဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ည ၈ နာရီ ၁၀ မိနစ်ကလည်း ကမာရွတ်မြို့နယ်၊အမှတ်(၇)ရပ်ကွက်၊ကျွန်းတောလမ်းတွင် ကားတစ်စီး မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့သော်လည်း မီးလောင်ခြင်းမရှိဘဲ မီးလန့်မှုသာဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here