ကြည့်မြင်တိုင်မြို့နယ်တွင် လမ်းဖြတ်ကူးသူအား Taxi ယာဉ်မှ ဝင်တိုက်မိခဲ့မှု ဖြစ်ပွား

0
198

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းပေါ်တွင် စက်တင်ဘာ (၂၅) ရက် ည (၁၀) နာရီခန့်က လမ်းဖြတ်ကူးလာသည့် အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးအား Taxi ကားမှ ဝင်တိုက်မိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားကြောင်း အားမာန်လူငယ်ပရဟိတအသင်းမှ သိရသည်။

“Taxi က AD Van အမျိုးအစားပါ။ ထိခိုက်ဒဏ်ရာရတဲ့လူက နောက်စေ့ပေါက်တယ်။ ခါးထိတယ်၊ ဘယ်/ညာ ဒူးတွေပွန်းပဲ့တယ်။ တခြားနေရာတွေမှာလည်း ပွန်းပွဲဒဏ်ရာတွေရသွားတယ်။ မစိုးရိမ်ရပါဘူး။ နောက်ပြီး Taxi ကားသမားကထွက်ပြေးခြင်း မရှိပါဘူး”ဟု အားမာန်လူငယ်ပရဟိတအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အမျိုးသားအား အားမာန်လူငယ်ပရဟိတအသင်းမှ မြေပြင်ကုသမှုများ ပြုလုပ်ပေးပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here