တာချီလိတ်တွင် သုဿန်တစ်ခုအတွင်း၌ စွန့်ပစ်ထားသည့်မွေးကင်းစ မိန်းကလေးငယ်တစ်ဦး တွေ့ရှိ

0
224

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ သုဿန်တစ်ခုအတွင်း၌ မွေးကင်းစမိန်းကလေးငယ်တစ်ဦးကို စွန့်ပစ်ထားမှု စက်တင်ဘာ ၂၆ ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့ ည (၇) နာရီခန့်က တာချီလိတ်မြို့ရှိ သုဿန်တစ်ခုအတွင်း၌ မွေးကင်းစမိန်းကလေးငယ်တစ်ဦးစွန့်ပစ်ခံထားရကြောင်း သတင်းအရ ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းမှ သွားရောက်ခေါ်ဆောင်ကာ ၎င်းတို့တာဝန်ယူထားသည့် “မိုးမေတ္တာ” ပရဟိတ လူငယ်ဖွံဖြိုးရေးဂေဟာသို့ ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စွန့်ပစ်ခံရသည့် မိန်းကလေးငယ်အတွက် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများအား ယနေ့စက်တင်ဘာ (၂၇) ရက်တွင် ပြုလုပ်ပေးသွားမည်ဖြစ်ကာ ထာဝရစောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

ထို့အတူ နောက်နောင် ယခုကဲ့သို့ မွေးကင်းစက လေးငယ်များအား စွန့်ပစ်မှုဖြစ်စဥ်များရှိခဲ့ပါက စွန့်ပစ်ခြင်းမပြုဘဲ ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းထံ အချိန်မရွေး လာရောက်အပ်နှံနိုင်ကြောင်း အသင်းမှအသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here