“Welcome Russia”အစီအစဉ်အရ မြန်မာအစိုးရ၏ လုပ်ဆောင်နေမှုများကို မြန်မာသံအမတ်ကြီး ပြောကြားခဲ့

0
183

ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက် လည်ပတ်နိုင်ရေးအတွက် “Welcome Russia”အစီအစဉ်အရ မြန်မာအစိုးရ၏ လုပ်ဆောင်နေမှုများကို ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးက ရှင်းလင်းပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၊မော်စကိုမြို့၌ စက်တင်ဘာ (၂၆)ရက်က Center for Strategic Development in Civil Aviation (AVIA CENTER)၏ စီစဉ်မှုဖြင့် ကျင်းပသည့် (၆)ကြိမ်မြောက် International Route Development Forum NETWORK 2023 ၏ မျက်နှာစုံညီအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ-ရုရှားနှစ်နိုင်ငံကြား Myanmar Airways International(MAI)က ရန်ကုန်-မန္တလေး-နိုဗိုစီဗစ် တိုက်ရိုက်လေကြောင်း ခရီးစဉ်သစ်ပြေးဆွဲနိုင်ခဲ့မှု၊ မြန်မာနိုင်ငံ၏ တည်နေရာ၊ပထဝီ အနေအထားနှင့် အခြေခံအချက်အလက်များ၊နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်နိုင်သည့် မြန်မာနိုင်ငံရှိ အထင်ကရနေရာများအကြောင်းကိုလည်း မြန်မာသံအမတ်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် ရုရှားနိုင်ငံသားများအတွက် မြန်မာနိုင်ငံမှ ဗီဇာကင်းလွတ်ခွင့် ခွင့်ပြုထားမှု၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာသံအမတ်ကြီးမှ “Direct flight from Myanmar to Russia: Gateway to a new unique destination for Russian tourists” ခေါင်းစဉ်ဖြင့် ပြောကြားခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here