MNA လေကြောင်းလိုင်းမှ ကာလကတ္တား၊ ဘန်ကောက်၊ ကွာလာလမ်ပူနှင့် စင်ကာပူမြို့များသို့ Cargo ခရီးစဉ် ပျံ သန်းမည်

0
246

မြန်မာအမျိုးသားလေကြောင်း၏ Boeing 737-400 Freig hter လေယာဉ်ဖြင့် ကာလကတ္တား၊ ဘန်ကောက်၊ ကွာလာလမ်ပူနှင့် စင်ကာပူမြို့များသို့ ကုန်ပစ္စည်းများကို စတင်သယ် ဆောင်နိုင်ပြီဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းမှ သိရသည်။

အဆိုပါ Cargo ခရီးစဉ်များဖြစ်သည့် ရန်ကုန် – ကာလက တ္တား – ရန်ကုန် ခရီးစဉ်ကို စက်တင်ဘာ (၂၈) ရက်နှင့် အော က်တိုဘာ (၄) ရက်တွင်လည်းကောင်း၊ ရန်ကုန် – ဘန်ကော က် – ရန်ကုန် ခရီးစဉ်ကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့တွင် ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန် – ကွာလာလမ်ပူ – ရန်ကုန် ခရီးစဉ်ကို အပ တ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပျံသန်းမည်ဖြစ်ပြီး ရန်ကုန် – စင်ကာပူ – ရန်ကုန် ခရီးစဉ်ကို အောက်တိုဘာ (၁၃) ရက်မှ စတင် ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

MNA လေကြောင်းလိုင်းအနေဖြင့် Boeing 737-400 Car go လေယာဉ်အသစ်ကို မလေးရှားနိုင်ငံမှ ငှားရမ်းခဲ့ပြီး ပြီးခဲ့သည့် စတင်ဘာလ (၁၅) ရက်တွင် မလေးရှားနိုင်ငံမှ မြန်မာ နိုင်ငံသို့ သယ်ဆောင်လာခြင်း ဖြစ်သည်။

အဆိုပါ Cargo လေယာဉ်အသစ်သည် ကုန်ပစ္စည်းတန်ချိန် (၁၈) တန်အထိ သယ်ဆောင်နိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here