မြန်မာနှင့် ကွမ်ရှီးဒေသတို့အကြား ပညာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရန်ဆွေးနွေး

0
189

မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနနှင့် ကွမ်ရှီးဒေသ ပညာရေး ဦးစီးဌာနတို့ကြား ပညာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်ဦးကျော်စိုးသိန်းနှင့်ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူး Ms. Lian Yin တို့ဆွေးနွေးခဲ့ကြသည်။

မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းမှ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူး Ms. Lian Yin အား စက်တင်ဘာ (၂၆) ရက် ညနေပိုင်းက မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းမှ မြန်မာအစိုးရ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့်ငြိမ်းချမ်းရေးအပါအဝင် ဒီမိုကရေစီဖော်ဆောင်ရေးတို့တွင် ဖြစ်ပေါ် တိုးတက်မှုများ၊ တရုတ်နိုင်ငံက ရိုက်ကူးသည့် No More Bets အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ပြီးခဲ့သည့်လများအတွင်း တရုတ်နိုင်ငံတွင်းနှင့် ကမ္ဘာတစ်ဝန်းရုံတင်ပြသခဲ့ရာ မြန်မာနိုင်ငံ၏ ပုံရိပ်ကို ညှိုးနွမ်းထိခိုက်စေခဲ့ခြင်းနှင့်ပတ်သက်၍ အွန်လိုင်းရာဇဝတ်မှုများ တိုက်ဖျက်ရေး၌ မြန်မာအစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့‌ေကြာင်း သိရသည်။

ညွှန်ကြားရေးမှူး Ms. Lian Yin ကလည်း ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်၍ အများပြည်သူများအနေဖြင့် အစိုးရများ၏ ရာဇဝတ်မှုတိုက်ဖျက်ရေးနှင့်ပတ်သက်သည့် တရားဝင်ထုတ်ပြန်ချက်များ၊သတင်းများကိုသာယုံကြည်သင့်ကာ နိုင်ငံများ၏ အစိုးရများကြား ပူးပေါင်းဆောင်ရွက်မှုများ၏ အောင်မြင်မှုများကိုကြည့်ခြင်းဖြင့် အစိုးရများ၏ သဘောထားများကို တွေ့မြင်နိုင်မည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် ကွမ်ရှီးဒေသ အစိုးရမှလည်း မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားကာ ပညာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးကိုလည်း ကွမ်ရှီးဒေသ၊ ပညာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ကူ ညီဆောင်ရွက်ပေးသွားမည်ဟု ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here