အီရတ်မင်္ဂလာဆောင်မီးလောင်မှုကြောင့် လူ ၁၀၀ ကျော်သေဆုံးပြီး ၁၅၀ ဦးဒဏ်ရာရ

0
256

နီနဗက်၊စက်တင်ဘာ ၂၇

အီရတ်နိုင်ငံနီနဗက်ပြည်နယ်၏ ဟမ်ဒနီယာခရိုင်ရှိ မင်္ဂလာဆောင်ပါတီတစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူပေါင်း ၁၀၀ ကျော် သေဆုံးပြီး ၁၅၀ ဒဏ်ရာရရှိသွားကြောင်းသိရှိရသည်။

နီနဗက်ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး၏ပြောကြားချက်အရ လူပေါင်း ၁၁၃ ဦးသေဆုံးကာ ၁၅၀ ဒဏ်ရာရရှိခဲ့ကြောင်းအတည်ပြုနိုင်ခဲ့သည်။မင်္ဂလာအခမ်းအနားအတွင်း မီးရှူးမီးပန်းများဖောက်ကြရာမှ မီးလောင်မှုဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်းအာဏာပိုင်များကဆိုသည်။

ကနဦးသတင်းအချက်အလက်များအရ အဆောက်အအုံသည် မီးလောင်လွယ်သော ဆောက်လုပ်ရေးပစ္စည်းများဖြင့် ပြုလုပ်ထားသောကြောင့် မီးဒဏ်မခံနိုင်ဘဲ လျင်မြန်စွာပြိုကျခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာကပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာနေရာအနီးရှိမျက်မြင်သက်သေများ၏ပြောကြားချက်အရ မီးလောင်မှုသည် ည ၁၀ နာရီ ၄၅ မိနစ်လောက်တွင်ဖြစ်ပေါ်ခဲ့ပြီး ထိုမင်္ဂလာဆောင်သို့လည်း လူပေါင်းရာနှင့်ချီတက်ရောက်လာကြသည်ဟုသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here