ဖေဖော်ဝါရီတွင် သက်ဆင် လွတ်ငြိမ်းချမ်းသာခွင့်လျှောက်ထားနိုင်ပြီဟုအတည်ပြု

0
233

ဘန်ကောက်၊စက်တင်ဘာ ၂၆

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် လာမည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ၌ လွတ်ငြိမ်းချမ်းသာခွင့်အား လျှောက်ထားနိုင်ရေးကို တရားဝင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။

မစ္စတာသက်ဆင်အနေဖြင့် လွတ်ငြိမ်းကာလအတွင်း စောင့်ကြည့်ထိန်းချုပ်နိုင်သည့်လျှပ်စစ်ခြေကျင်းကိုဝတ်ရမည်မဟုတ်ဘဲ ထိုင်းနိုင်ငံရေးအပေါ် ၎င်း၏အမြင်များကိုပါ ထုတ်ဖော်ပြောကြားအကြံပြုခွင့်ရမည်ဖြစ်သည်။

အာဏာပိုင်များ၏ဆုံးဖြတ်ချက်၌မူ မစ္စတာသက်ဆင်သည် ကျန်းမာရေးမကောင်းသူအသက်ခုနစ်ဆယ်ကျော်အရွယ်သက်ကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အတွက် ထိုင်းနိုင်ငံ၏ဥပဒေအရ ယခု ကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်ကိုလျှောက်ထားခွင့်ရခဲ့ခြင်းလည်းဖြစ်ကြောင်းသိရသည်။

မစ္စတာသက်ဆင်ကလည်း စင်္ကာပူနှင့်ယူ‌အေအီးတို့၌ ဆေးကုသမှုခံယူခဲ့ရသော ၎င်း၏ဆေးမှတ်တမ်းများအား အထောက်အထားအနေဖြင့် အကျဉ်းဦးစီးဌာနသို့တင်ပြခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်လျှောက်ထားနိုင်ရန် မစ္စတာသက်ဆင်သည် အနည်းဆုံး ထောင်ဒဏ်ခြောက်လ သို့မဟုတ် ၎င်း၏ပြစ်ဒဏ်သုံးခုအနက် တစ်ခုအတွက်ကျခံရမည်ဖြစ်သည်။ယင်း‌နောက်မှသာ ၎င်းသည် လာမည့်နှစ်ဖေဖော်ဝါရီတွင် လွတ်ငြိမ်းချမ်းသာခွင့်လျှောက်ထားရန်အတွက် အကျုံးဝင်မည်ဖြစ်သည်ဟုလည်းသိရသည်။

လွတ်ငြိမ်းချမ်းသာကာလအတွင်း မစ္စတာသက်ဆင်အနေဖြင့် ထိုင်းနိုင်ငံမှထွက်ခွာသွားခွင့်မရှိသကဲ့သို့ ထိုင်းနိုင်ငံရေးအတွက်အကြံပေးနိုင်သော်လည်း ဝန်ကြီးချုပ်ဆရီသာသာဗီဆင်၏ တရားဝင်အကြံပေးပုဂ္ဂိုလ်ဖြစ်မဖြစ်ကိုမူ ယတိပြတ်မပြောနိုင်သေးဟုအာဏာပိုင်များကဆိုခဲ့သည်။

Source : The Thaiger


LEAVE A REPLY

Please enter your comment!
Please enter your name here