EV ကားများနှင့် EV သုံးယာဥ်အားသွင်းစက်များ ရန်ကုန်ဆိပ်ကမ်းရောက်ရှိလာ

0
271

ကုပ္ပဏီ ၄ ခုမှတင်သွင်းလာသည့် EV ကားများနှင့် EV သုံးယာဥ်အားသွင်းစက်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။

N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Leap-motor T03 အမျိုးအစား EV ကားများ၊ Auto Top Power Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota bZ4X အမျိုးအစား EV ကားများ၊ Dongfeng Motor Corporation Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota bZ4X အမျိုးအစား EV ကားများနှင့် Myanmar ArrThit Man Motor Co., Ltd.မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် CJNOO တံဆိပ် လျှပ်စစ်သုံးယာဉ် အားသွင်းစက်များရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အဆိုပါ EV ကားများနှင့် EV သုံးယာဥ်အားသွင်းစက်များအား အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်အရ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းလာခြင်းဖြစ် သည်။

ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် EV ကားများနှင့် EV သုံးယာဥ်အားသွင်းစက်များအား စက်တင်ဘာ ၂၇ ရက်က လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here