တောင်ကိုရီးယားနိုင်ငံက လာမည့်အောက်တိုဘာတွင် မြန်မာလုပ်သား ၃၀၀၀၀ ဝန်းကျင် ခေါ်ယူမည်

0
270

တောင်ကိုရီးယား နိုင်ငံအနေဖြင့် ၎င်းတို့၏ နိုင်ငံအတွင်း၌ ကုန်ထုတ်လုပ်ငန်း ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား (၃၀၀၀၀) ဝန်းကျင်ကို လာမည့် အောက်တိုဘာလတွင် တိုးမြှင့်ခေါ်ယူသွားရန် အစီအစဉ်ရှိကြောင်း ကိုရီးယားဆိုင်ရာ မြန်မာလုပ်သားရှာဖွေရေး ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။

EPS စနစ်ဖြင့် ကိုရီးယားမှ မြန်မာလုပ်သားခေါ်ယူမှု အစီစဉ်အရ ကိုရီးယားနိုင်ငံဘက်က အလုပ်သမား တိုးမြှင့် ခေါ်ယူနိုင်ရေး လုပ်ဆောင်နေရာ (၁၄) ကြိမ်မြောက် EPS- Topik စာမေးပွဲအောင်မြင်သူများထဲမှ လုပ်သား (၂၈၀၀၀) ကျော်ကို (၃) သုတ်ခွဲကာ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ခေါ်ယူရာတွင် ကုန်ထုတ်လုပ်ငန်းအတွက် (၂၀၉၁၉) ဦးကို အောက်တိုဘာ (၁၉) ရက်မှ (၂၇) ရက်အထိ ပထမအသုတ်အဖြစ် ခေါ်ယူသွားရန် အစီအစဉ်ရှိနေခြင်း ဖြစ်သ ည်။

ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းအတွက် မြန်မာလုပ်သား (၅၆၀၉) ဦးကို အောက်တိုဘာ (၃၀) ရက်မှ နိုဝင်ဘာ (၃) ရက်အထိ ဒုတိယအသုတ်အနေဖြင့်လည်း‌ကောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းအတွက် မြန်မာလုပ်သား (၁၄၃၁) ဦးကို အောက်တိုဘာ (၃၀) ရက်မှ နိုဝင်ဘာ (၃) ရက်အထိ တတိယအသုတ် အဖြစ်လည်းကောင်း (၃) သုတ်ခွဲကာ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here