မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များကို အဆင့်မြှင့်တင်ရန် လိုအပ်ဟု ကင်ဂျုံအန်းဆို

0
209

မြောက်ကိုရီးယားသည် ၎င်း၏နျူကလီးယားလက်နက်တိုက်အား အဆင့်မြှင့်တင်ရန်နှင့် နျူလက်နက်များ ထုတ်လုပ်မှုကို သိသာထင်ရှားစွာ တိုးမြှင့်ရန် လိုအပ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ကိုးကြိမ်မြောက် ပြည်သူ့ထိပ်သီးညီလာခံ၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

“နျူကလီးယားလက်နက်တွေရဲ့ အရည်အသွေးနဲ့ အရေအတွက်ကို မြန်မြန်ဆန်ဆန် မြှင့်တင်ဖို့က ထိပ်တန်းဦးစားပေး ဖြစ်ပါတယ်” ဟု သူ၏ပြောကြားချက်ကို ကိုးကား၍ ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA)က ဖော်ပြခဲ့သည်။

“နျူကလီးယားလက်နက်များ တိုးချဲ့ထုတ်လုပ်ရန်နှင့် တိုက်ခိုက်ရေးတာဝန်များ ထမ်းဆောင်ရန် လိုအပ်ကြောင်း ကင်ဂျုံအန်းက မီးမောင်းထိုးပြခဲ့သည်။”ဟု ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA)သတင်းတွင် ရေးသားထားသည်။

မိမိတို့နိုင်ငံကို နျူကလီးယားစစ်ပွဲများဖြင့် ခြိမ်းခြောက်နေသည့်ကြားကပင် ၎င်းတို့ကို တားဆီးမည့် အဟန့်အတား စွမ်းရည်များကို အကောင်အထည်ဖော်ရန်လိုအပ်ကြောင်းကိုလည်း ကင်ဂျုံအန်းက ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here