ရန်ကုန် နှင့် မန္တလေးမြို့များတွင် ကြက်သွန်ဖြူဈေးနှုန်းများ ကျဆင်းလာ

0
214

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဈေးကွက်နှင့် မန္တလေးကုန်စည်ဈေးကွက်အတွင်း ကြက်သွန်ဖြူဈေးနှုန်းများကျဆင်းလာကြောင်း ကုန်စည်ဒိုင်များမှ ဖော်ပြထားသည့် ဈေးနှုန်းများအရ သိရသည်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ကြူကုတ် ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၇၃၀၀ ကျပ်မှ ၇၅၀၀ ကျပ် ရှိပြီး၊ အိမ်သုံးများသည် ကြက်သွန်ဖြူ အောင်ပန်း ထူး ၂ မှာ တစ်ပိဿ ၇၄၀၀ ကျပ်၊ အောင်ပန်း ထူး ၃ မှာ တစ်ပိဿ ၈၀၀၀ ကျပ်၊ အောင်ပန်း ထူး ၄ မှာ တစ်ပိဿ ၈၂၀၀ ကျပ်၊ အောင်ပန်း ထူး ၅ မှာ ၈၆၀၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။

အလားတူ မန္တလေးမြို့ ကြက်သွန်ဖြူ ဈေးကွက်တွင် ကြူကုတ် ကြက်သွန်ဖြူ နှင့် ရှမ်းပြည်နယ်ဒေသထွက် အောင်ပန်း ထူး ၁ ၊ အောင်ပန်း ထူး ၅ သာ လူသုံးများကြပြီး ဈေးနှုန်းမှာ တစ်ပတ်အတွင်း ၂၀၀ ကျပ်မှ ၃၀၀ ကျပ်ကျဆင်း လာကြောင်း သိရသည်။

သို့သော် ကြက်သွန်ဖြူထွက်ရှိသည့် နယ်မြို့နယ်များတွင် ဈေးကျဆင်းခြင်းမရှိသေးကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ကြက်သွန်ဖြူကို ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် စိုက်ပျိုးသော်လည်း ကြက်သွန်ဖြူ အများဆုံးစိုက်ပျိုးထုတ်လုပ်သည့်ဒေသမှာ ရှမ်းပြည်နယ်တောင်ပိုင်းဖြစ်ပြီး တစ်နှစ်လျှင်ကြက်သွန်ဖြူ စိုက်ဧကပေါင်း ၁၆၄၂ ဧက စိုက်ပျိုးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here