ဘီလီယံနှင့်ချီတန်သည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုခပ်စိပ်စိပ်ဖြစ်လာ

0
295

မြန်မာနိုင်ငံတွင် ယုခုရက်ပိုင်းအတွင်း ဘီလီယံနှင့်ချီ တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိမှုများမှာ အကြိမ်ရေ ခပ်စိပ်စိပ် ဖြစ်ပွားလာကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ယင်းသို့ ဖြစ်ပွားလျက်ရှိရာ စက်တင်ဘာ (၂၄) ရက် နံနက်ပိုင်းကလည်း ရမည်းသင်းမြို့နယ်၌ ငွေကျပ် ၈ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ အိုက်စ်(၄၃၅)ကီလိုအား SURF ကားပေါ်မှ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းနေ့ နံနက် ၁ နာရီခွဲခန့်က မန္တလေးတိုင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ငါးတဲစုကျေးရွာအနီး တောလမ်းတွင် ပင်လောင်းဘက်မှ ရမည်းသင်းဘက်သို့ ကိုဖြိုး (ခ) အောင်သူဖြိုး မောင်းနှင်လာသည့်ဆိုင်ကယ်နှင့် အောင်ကျော်စွာ (ခ) ကျော်စွာမောင်းလာသည့် TOYOTA HILUX SURF ကားတို့ကို ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေစစ်ဆေးခဲ့ရာ SURF ကားပေါ်မှ ရှမ်းပြည်နယ်မှမန္တလေးတိုင်းသို့ သယ်လာသည့် ငွေကျပ် ၈ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၃၅ ကီလိုကိုဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးရမိခဲ့သည့်အတွက် ၎င်းတို့အား သက်ဆိုင်ရာရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ (၂၁) ရက်ကလည်း မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်း၌ ၂၂ ဘီးတွဲကားပေါ်တွင် ပြောင်းဆံအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့်ငွေကျပ် ၁၈ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၂ ဒသမ ၅၅ သန်းကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

အလားတူ စပ်တင်ဘာ (၂၀) ရက်ကလည်း ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ငွေကျပ် ၂ ဒသမ ၀၄၉ ဘီလီယံတန်ဖိုးရှိ အိုက်စ် ၂၅၄ ကီလိုအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here