ရန်ကုန်လေဆိပ်၏ Terminal 3 အဆောက်အအုံအတွင်းသို့ ခရီးသည်များအား လိုက်ပါပို့ဆောင်/ကြိုဆိုမည့်သူများကို ယနေ့စတင် ဝင်ရောက်ခွင့်ပြု

0
419

ရန်ကုန်လေဆိပ်၏ Terminal 3 (ပြည်တွင်းလေဆိပ်) အဆောက်အအုံအတွင်းသို့ ခရီးသည်များအားလိုက်ပါပို့ ဆောင်/ကြိုဆိုမည့်သူများကို ယနေ့ စက်တင်ဘာ (၂၈) ရက် နံနက် (၁၁) နာရီမှစတင်၍ လေဆိပ်ပရဝုဏ်အတွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်ရာတွင် ခရီးသည်များသည် တရားဝင်ခရီးသွားစာရွက်စာတမ်း အပြည့်အစုံဖြင့် ဂိတ်အမှတ်(၁)၊(၂) နှင့် (၄)တို့မှ ဝင်ရောက်ရမည်ဖြစ်ကာ လိုက်ပါပို့ဆောင်/ကြိုဆိုကြသူများမှာ ဂိတ်အမှတ်(၂)မှ ဝင်ရောက်ရမည်ဖြစ်သည်။

ယင်းကဲ့သို့ လိုက်ပါပို့ဆောင်/ကြို ဆိုရာတွင် ဂိတ်အမှတ်(၂) အနီးရှိ Registration Area တွင် ဝင်ရောက်ခွင့်ကတ်ပြားထုတ်ယူရန် စာရင်းပေးသွင်းရမည်ဖြစ်ကာ ဝင်ရောက်ခွင့်ကတ်ပြားဖြင့်သာ လေဆိပ်ပရဝုဏ် အဆောက်အဦအတွင်းသို့ ဝင်ရောက်ရမည်ဖြစ်သည်။

ရန်ကုန်လေဆိပ်တွင် ခရီးသွားများ ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရန် သက်ဆိုင်ရာ လုံခြုံရေးအစီအမံများကိုလည်း ပုံမှန်အတိုင်းထားရှိမည်ဖြစ်ပြီး လိုက်ပါပို့ဆောင်သူ/ကြိုဆိုသူ များအနေဖြင့် စစ်ဆေးမှုများ ခံယူရမည်ဖြစ်ကာ လေဆိပ်အဆောက်အအုံအတွင်း ချမှတ်ထားသည့် စည်းကမ်းများအတိုင်း ဝင်ခွင့်ကတ်ပြားများကို ချိတ်ဆွဲထားရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ခရီးသည်များအား လိုက်ပါပို့ဆောင်/ကြိုဆိုပြီးပါက ဂိတ်အမှတ်(၃)မှ ပြန်လည်ထွက်ခွာကာ ဝင်ရောက်ခွင့်ကတ်ပြားအားပြန်လည်အပ်နှံရမည်ဖြစ်ပြီး စုံစမ်းမေးမြန်းလိုပါက Terminal ဝင်ပေါက်များအနီးရှိ လေဆိပ် Meet & Greet Counter မှ ဝန်ထမ်းများထံတွင် စုံစမ်းမေးမြန်းနိုင်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here