မြန်မာအမျိုးသား ယူ ၂၄ အသင်းနှင့် အမျိုးသမီးလက်ရွေး စင်အသင်းတို့ ရှုံးပွဲကိုယ်စီတွေ့

0
387

မြန်မာအမျိုးသား ယူ ၂၄ အသင်းနှင့် အမျိုးသမီးလက်ရွေး စင်အသင်းတို့ ယနေ့ ညနေက ယှဉ်ပြိုင်ကစားခဲ့သည့် အာရှအားကစားပွဲတော်တွင် ရှုံးပွဲကိုယ်စီတွေ့ခဲ့ပြီး ပြိုင်ပွဲမှ ထွက်လိုက်ရကြောင်းသိရသည်။

မြန်မာအမျိုးသား ယူ ၂၄ အသင်းသည် ဒုတိယအဆင့် ၁၆ သင်းရှုံးထွက်အဆင့်တွင် ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ ၇ ဂိုး ဂိုးမရှိရလဒ်ဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

ထို့အတူ အမျိုးသမီးလက်ရွေးစင်အသင်းသည်လည်း အုပ် စုနောက်ဆုံးပွဲစဉ်တွင် ဖိလစ်ပိုင်အသင်းအား ၃ ဂိုး ဂိုးမရှိဖြ င့်ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခဲ့ရကြောင်း သိရသည်။

မြန်မာ အမျိုးသား အသင်းသည် အာရှအားကစား ပွဲတော် ဘောလုံးပြိုင်ပွဲသမိုင်းတွင် ချန်ပီယံ ၂ ကြိမ်၊ တတိယ ၁ ကြိ မ်ရရှိခဲ့ပြီး ယခုနှစ်တွင် အောင်မြင်မှုအနေဖြင့် ၁၉၇၄ ခုနှစ်နောက်ပိုင်း အုပ်စုမှ မတက်နိုင်ခဲ့သည့် မှတ်တမ်းဆိုးကို ယခုနှစ်ပြိုင်ပွဲတွင် ဒုတိယအဆင့်သို့ ပြန်လည် ရောက်ရှိလာနိုင်အောင် စွမ်းဆောင်ပြီး ချေဖျက်နိုင်ခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းမှာမူ Asian Games ကို ယခုနှစ်တွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး အဓိက စီနီယာကစားသမားများမပါ၀င်သော်လည်း အကောင်းဆုံးကြိုးစားကစားခဲ့သည်ကိုတွေ့ရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here