ပြုပြင်ထိုက်သည်များကို ပြုပြင်ဆောင်ရွက်ပြီးပါက စစ်တွေမြို့သည် ယခုထက်ပိုမိုတိုးတက်လာမည်ဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

0
151

ပြုပြင်ထိုက်သည်များကို ပြုပြင်ဆောင်ရွက်ပြီးပါက စစ်တွေမြို့သည် ယခုထက်ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းမှ စက်တင်ဘာ (၂၇) ရက်နံနက်ပိုင်းက ကျင်းပသည့် စစ်တွေမြို့ အဆင့်မြှင့်တင်ရေးညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

“မိုခါ”အလွန်ကာလတွင် မူလအခြေအနေထက် သာလွန်ကောင်းမွန်အောင် ဆောင်ရွက်သွားရန် နိုင်ငံတော်အကြီးအကဲက မှာကြားထားပြီး လတ်တလောဆောင်ရွက်ရမည့်လုပ်ငန်းများမှာ ပြီးစီးသလောက် ဆောင်ရွက်ခဲ့ပြီးဖြစ် ကြောင်းလည်း ဝန်ကြီးချုပ်က ဆိုသည်။

ထို့အပြင် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ သာသနိကအဆောက်အဦများ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးကဏ္ဍများကိုလည်း အချိန်တိုတိုအတွင်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

“အခုအချိန်ဟာ ပြန်လာထူထောင်ရေး ကာလဖြစ်ပါတယ်။ မိုခါကာလ အလွန်မှာ ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ကို မြို့ပြအဆင့်မြှင့်တင်ရေး ဆောင်ရွက်ရမယ့် စည်ပင် သာယာရေး လုပ်ငန်းတွေကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ပါတယ်”ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောသည်။

စစ်တွေမြို့အား ယခုထက် သာလွန်ကောင်းမွန်ရန် အားနည်းချက်၊ အားသာချက်များကို ထောက်ပြခြင်းဖြင့် ပြုပြင်ထိုက်သည်များကို ပြုပြင်ဆောင်ရွက်သွားပါက ယခုထက်ပိုမိုတိုး တက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ထို့နောက် ရန်ကုန်မြို့တော်စည်ပင်၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့် သန့်ရှင်းရေးဌာနမှူး ဦးချိုထွန်းအောင်၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလင်း၊အင်ဂျင်နီယာဌာန (လမ်းတံတား)မှ ဌာနမှူး ဦးလင်းခိုင်၊ အင်ဂျင်နီယာဌာန (ရေစီးရေလာ စီမံခန့်ခွဲမှု)မှ ဌာနမှူး ဦးအေးကျော်နှင့် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု ဌာန)မှ ဌာနမှူး ဦးမြင့်ဇော်သန်းတို့က အကြံပြုဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here