သုဝဏ္ဏမီးပွိုင့်အနီး၌ Ford ကားနှင့် Hijet ကားတိုက်

0
177

ရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏမီးပွိုင့်အနီးတွင် စက်တင်ဘာ ၂၈ ရက်ည ၉ နာရီခွဲခန့်က Ford ကားနှင့် Hijet ကားတို့တိုက်မိခဲ့ကြောင်း Medical လူငယ်များအသင်း(ရန်ကုန်)မှ သိရသည်။

“သုဝဏ္ဏမီးပွိုင့်နားက “ဒေါင်”လဖက်ရည်ဆိုင်ရှေ့မှာတိုက်မိတာပါ ကား ၂ စီးလုံးကပျက်စီးတာတွေများတယ် လူထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး တိုက်ချက်ကပြင်းတဲ့အနေအထားမှာရှိတယ် Hijet ကားခေါင်းပိုင်းနဲ့ Ford ကားရဲ့ခေါင်းပိုင်းဘယ်ဘက်ခြမ်းတိုက်မိတာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ပျက်စီးသွားသည့်အစိတ်အပိုင်းများနှင့်ယာဥ်ကြောပိတ်ဆို့မှုမရှိစေရေးတို့အတွက် Medical လူငယ်များအသင်း(ရန်ကုန်)မှတာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

Photo-Medical လူငယ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here