တောင်တွင်းကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်း၍ နေအိမ်များအတွင်းသို့ရေများဝင်ရောက်

0
174

မကွေးတိုင်း၊တောင်တွင်းကြီးမြို့တွင် စက်တင် ဘာ ၂၈ ရက်ည ၉ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် တောင်တွင်းကြီးမြို့ရှိ တောင်ပြင်(၁) ရပ်ကွက်၊တောင်ပြင်(၂)ရပ်ကွက်၊အုန်းတော(၁) ရပ်ကွက်၊အုန်းတော(၂)ရပ်ကွက်၊ရွှေကြာအင်း (၁)ရပ်ကွက်၊ရွှေကြာအင်း(၂)ရပ်ကွက်တို့ရှိ နေ အိမ်များအတွင်းသို့ ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရေဝင်ရောက်မှုကြောင့် တောင်ပြင်(၂)ရပ်ကွက်ရှိ အိမ်ထောင်စု ၄ စုမှ မိသားစုဝင် ၁၂ ဦးအား ရေဘေးလွတ်ကင်းသည့် နီးစပ်ရာဆွေမျိုးများအိမ်သို့ လုံခြုံရေးအဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် လမ်းများပေါ်တွင်လည်း ရေကျော်နေသဖြင့် ဖြတ်သန်းသွားလာသူများနှင့်မော်တော်ယာဥ်များ အန္တရာယ်မရှိစေရန် ကူညီမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here