ညောင်ဦးမြို့နယ်တွင် ရေကျော်ချောင်းအား ဖြတ်မောင်းသည့် Light Truck ကား ရေစီးနှင့်အတူမျောပါ၍ အမျိုးသား ၂ ဦးသေဆုံး

0
221

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်တွင် ယနေ့ စက်တင်ဘာ (၂၉) ရက် နံနက်ပိုင်းက ရေကျော်ချောင်းအား ဖြတ်သန်းမောင်းနှင်သည့် Light Truck ကား ရေစီးနှင့်အတူ မျောပါ သွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် (၈) နာရီခွဲခန့်က ညောင်ဦးမြို့နယ်၊ တောင်ဇင်းနယ်မြေ၊ လျှော်ပင်ကျေးရွာအနီးရှိ ရေကျော်ချောင်းအား Light Truck ကားမှ ဖြတ်သန်းမောင်းနှင်စဥ် ရေစီးနှင့်အတူ မျောပါသွားခဲ့ရာမှ အမျိုးသား (၂) ဦးသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ညောင်ဦးခရိုင်/မြို့နယ်မီးသတ်စခန်း၊တောင်ဇင်းနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ချောင်းအတွင်းနစ်မြုပ်နေသည့် Light Truck ကားကို ပြန်လည်ဆယ်ယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဥ်မှ သေဆုံးသူအမျိုးသား (၂) ဦး၏ ရုပ်အလောင်းများအား ညောင်ဦးမြို့ ဂရုဏာရှင် အခမဲ့နာရေးကူညီမှုအသင်းမှ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here