မြန်မာနှင့် ဟောင်ကောင် လေကြောင်း ပို့ဆောင်ရေးသဘောတူစာချုပ်လက်မှတ်ထိုး

0
196

မြန်မာနှင့် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသအကြား လေကြောင်းပို့ဆောင်ရေးသဘောတူ စာချုပ်ကို စက်တင်ဘာ (၂၈) ရက်က ဟောင်ကောင်မြို့ရှိ ဗဟိုအစိုးရရုံး၌ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သဘောတူစာချုပ်အား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအောင်ကျော်ထွန်းနှင့် တရုတ်နိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဌာန ဝန်ကြီးတို့က လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ လေကြောင်းပို့ဆောင်ရေး သဘောတူစာချုပ်အရ လေကြောင်းလိုင်းများသည် လွတ်လပ်သော ပျံသန်းခွင့်များဖြင့် ခရီးသည်တင်နှင့် ကုန်စည်တင်လေကြောင်းခရီးစဉ်များကို အပြန်အလှန် ပျံသန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒု – ဝန်ကြီးသည် စက်တင်ဘာ (၂၇) ရက်မွန်းလွဲပိုင်းတွင် Hong Kong International Aviation Academy ၏ President Mr. Simon Li ၏ ဖိတ်ကြားချက်အရ ဟောင်ကောင်မြို့ရှိ Hong Kong International Aviation Academy သို့သွားရောက်လေ့လာကာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here