(၇၁)ကြိမ်မြောက် ဘိုးမင်းခေါင်ထွက်ပွဲ/အောင်ပွဲသို့ လာရောက်သူများဖြင့် စည်ကားလျက်ရှိ

0
374

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပုပ္ပားတောင်ကလပ်တွင် (၇၁) ကြိမ်မြောက် ဘိုးမင်းခေါင်ထွက်ပွဲ/အောင်ပွဲ ကျင်းပလျက်ရှိရာ ယနေ့ စက်တင်ဘာ (၂၉) ရက်တွင် လာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

“ကြိတ်ကြိတ်တိုးပဲ ၊ ဒီနေ့ကတော့ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်က လာကြတဲ့လူတွေရယ်၊ လပြည့်နေ့ဆိုတော့ အနီးအနားက လာကြတဲ့ လူတွေရယ်နဲ့ တိုးမပေါက်အောင်စည်ကားနေတာ”ဟု ဘိုးမင်းခေါင်ထွက်ပွဲ/အောင်ပွဲသို့ ရောက်ရှိနေသည့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူ တစ်ဦးကပြောသည်။

ဘိုးမင်းခေါင်ထွက်ပွဲ/အောင်ပွဲသို့လာရောက်သူ များပြားသဖြင့် ပုပ္ပားတောင်ကလပ် အောက်လမ်း အတက်ရွှေညောင် ပင်ဂိတ်၊ ပုပ္ပားမြို့အဝင်လမ်းခွဲဂိတ်နှင့် တောင်ကလပ်အခြေတို့တွင် ယာဉ်လမ်းကြောရှင်းခြင်း၊ ယာဉ်ကြီးများရပ်နားရန်နေရာသို့ ပို့ဆောင်ခြင်းနှင့် ယာဉ်ထိခိုက်မှု၊ လမ်းပိတ်ဆို့မှုမဖြစ်ရန် လမ်းရှင်းပေးခြင်းများကို တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here