လာမည့် ခရီးသွားရာသီအတွက် ရှမ်းပြည်နယ်အတွင်း ခရီးသွားဝန်ဆောင်မှုများ မြှင့်တင်ထား

0
129

လာမည့်ခရီးသွားရာသီကာလအတွင်း ရှမ်းပြည်နယ်အတွင်း လာရောက် လည်ပတ်ကြမည့် ခရီးသွားဧည့်သည်များအတွက် ခရီးသွားဝန်ဆောင်မှုများ မြှင့်တင်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန(ရှမ်းပြည်နယ်)မှ သိရသည်။

“ကို‌ဗစ်ကာလနောက်ပိုင်းမှာ အင်းလေကန်ကို လာလည်တဲ့ ခရီးသွားက နည်းသွားတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ နှစ်သင်္ကြန်မှာ ရေပေါ်သင်္ကြန်ကို ပြန်ပြီး‌ ကျင်းပတဲ့အတွက် ပြည်တွင်းရော ပြည်ပရောပြန်ပြီး အဝင်များလာတယ်။ ဒီနှစ်လည်း ခရီးသွားရာသီအတွက် ကြိုပြင်ဆင်ထားတာတွေရှိတယ်”ဟုဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန (ရှမ်းပြည် နယ်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်တွင် ဟိုတယ်နှင့် တည်းခိုခန်း(၄၄၇) လုံး၊ ခရီးသွားကုမ္ပဏီ (၇၉) ခု ဧည့်လမ်းညွှန် (၇၈၂) ဦးရှိကြောင်း သိရသည်။

ထို့ပြင် လာမည့်ပွင့်လင်းရာသီတွင် အင်းလေးဖောင်တော်ဦးဘုရားပွဲတော်၊ တန်းဆောင်တိုင်မီးပုံပျံပွဲတော်၊ ချယ်ရီပန်းပွဲတော်၊တိုင်းရင်းသားရိုးရာ အစားအသောက်ပွဲတော်များ အပါအဝင် အခြားသော ပွဲတော်များကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here