ဖလမ်းမြို့ရှိ ကလေး-ဖလမ်း-ဟားခါးသွားလမ်းမကြီးပေါ်၌ မြေပြိုကျမှုဖြစ်ပွား

0
211

ဖလမ်းမြို့၊တလန်လိုရပ်ကွက်ရှိ ကလေး-ဖလမ်း- ဟားခါးသွားကားလမ်းပေါ်သို့ စက်တင်ဘာ ၂၉ ရက်နံနက်ပိုင်းက မိုးရွာသွန်းမှုကြောင့် တောင်မြေသားများပြိုကျခဲ့ကြောင်း သိရသည်။

ကားလမ်းပေါ်သို့ တောင်မြေသားများပြိုကျခဲ့သဖြင့် လမ်းပိတ်ဆို့မှုမဖြစ်စေရန် ဖလမ်းမြို့နယ်လမ်းဦးစီးဌာနမှ စက်ယန္တရားကြီးများဖြင့် လမ်းပေါ်ကျနေသည့် တောင်မြေသားများအား ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

“ကားလမ်းပေါ်ကို တောင်မြေသားတွေပြိုကျတာ မိုးကလည်းမပြတ်ရွာနေတော့ ရွံ့စေးတွေပါကျတယ် ယန္တရားကြီးတွေနဲ့ရှင်းလင်းနေတာတွေ့တယ် နေ့လည်ပိုင်းလောက်ကြတော့ ကားလမ်းပေါ်မှာမြေသားတွေမရှိတော့ဘူး”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ကားလမ်းပေါ်သို့ တောင်မြေသားများပြိုကျရာတွင် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘဲ ဖလမ်းမြို့နယ်လမ်းဦးစီးဌာနမှ တောင်မြေသားများထပ်မံပြိုကျပါက လမ်းပိတ်ဆို့မှုမရှိစေရေးအတွက် ဖယ်ရှားရှင်းလင်းမှုများပြုလုပ်နိုင်ရန် ယန္တရားကြီးများအား အဆင်သင့်ထားရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here