ရန်ကုန်မြို့နယ် ၁၀ ခု၌ ယနေ့ည၁၂နာရီတွင်လျှပ်စစ်မီးယာယီပြတ်တောက်မည်

0
1245

ရန်ကုန်တိုင်းရှိ မြို့နယ် ၁၀ ခု၌ ယနေ့ည ၁၂ နာရီတွင် လျှပ်စစ်မီးယာယီပြတ်တောက်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ အသိပေးခဲ့သည်။

အလုံပင်မဓာတ်အားခွဲရုံရှိ ချို့ယွင်း 230/66/11 kV, 100MVA Transformer အား Switchyard နှင့် လွတ်ကင်းရာသို့ပြောင်းရွှေ့ရမည်ဖြစ်ရာ 230/ 66/11kV, 155MVA Transformer နှင့် 100MVA Transformer တို့အား လျှပ်စစ်ဓာတ်အားပိတ်၍ ည ၁၂ နာရီမှနံနက် ၃ နာရီအထိ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ကြောင့် မင်္ဂလာတောင်ညွန့်၊ ဒဂုံ၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်၊ ဗဟန်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်နှင့်လှိုင်မြို့နယ်တို့ရှိ ရပ်ကွက်နေရာအချို့တွင် လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မှုရှိမည်ဟု YESC ကအသိပေးခဲ့သည်။

ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ဓာတ်အားပြတ်ဧရိယာလျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဟုလည်း YESC ကအသိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here