သာကေတမြို့နယ်တွင် ဖုန်းအားသွင်းကြိုးမှတဆင့်ဓာတ်လိုက်၍ အမျိုးသားတစ်ဦးသေဆုံး

0
213

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ ၁၀/တောင် ၁၄ ရပ်ကွက်၊သလ္လာဝတီ(၆)လမ်းတွင် စက်တင်ဘာ ၂၉ ရက်ညနေ ၅ နာရီခွဲကျော်ခန့်က အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

“ဓာတ်လိုက်ခံရပြီးသေဆုံးသွားတဲ့လူက အသက် (၃၀)ဝန်းကျင်လောက်ရှိပါပြီ အပြင်ကနေ အိမ်ကိုပြန်လာပြီး အားသွင်းထားတဲ့ဖုန်းကိုယူတဲ့အချိန်မှာ ဖုန်းအားသွင်းကြိုးကနေတဆင့်ဓာတ်လိုက်ခံရတာပါ”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ ၏ သတင်းပြန်ကြားရေးတာဝန်ခံကပြောသည်။

ဖြစ်စဥ်မှသေဆုံးသူ၏ရုပ်အလောင်းအား အောင်နိုင်သူလူမှုကူညီရေးအသင်းမှ သင်္ဃန်းကျွန်းစံပြဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here