ပထုံဌာနီခရိုင်၌ ကားပေါ်တွင်ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၈ ဦးဖမ်းဆီးခံရ

0
187

ထိုင်းနိုင်ငံ၊ပထုံဌာနီခရိုင်၌ ဘန်ကောက်မြို့တွင်သွားရောက်အလုပ်လုပ်ကိုင်ရန် ကားပေါ်ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၈ ဦး စက်တင်ဘာ ၂၇ ရက်ညနေပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့ညနေပိုင်းက ပထုံဌာနီခရိုင်မှတာဝန်ရှိသူများက ပထုံဌာနီခရိုင်၊ထန်ဘူရီမြို့နယ်၊လန်စ်ကျေးရွာအနီး ရန်စစ်-နခေါင်နယုတ်သွားလမ်းမကြီးပေါ်တွင် ကားတစ်စီးအားတားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ထိုင်းနိုင်ငံသားကားမောင်းသူနှင့်အတူ ကားအတွင်းပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၈ ဦးအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်များအရ ဘန်ကောက်မြို့၌အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာခြင်းဖြစ်ပြီး ပွဲစားခအဖြစ် တစ်ဦးလျင် ဘတ် ၁၅၀၀၀ မှ ၂၅၀၀၀ အထိပေးချေခဲ့ရကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသားကားမောင်းသူနှင့်မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here