မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ အောက်တိုဘာ တစ်လလုံးနီးပါးမိုးဆက်ရွာနိုင်

0
284

အောက်တိုဘာလအတွင်း နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် မိုးရွာသွန်းမြဲထက် ပိုမိုရွာသွန်းနိုင်ပြီး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ကချင်၊ ရှမ်း၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက စက်တင်ဘာ (၂၈)ရက် ထုတ်ပြန်ချက်အရ သိရသည်။

ယင်းကဲ့သို့ ရွာသွန်းရာတွင် ပဲခူးတိုင်း (အရှေ့ပိုင်း)၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁၅) ရက်မှ (၂၀) ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း (အနောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၉)ရက်မှ (၁၄)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်းလည်း သိရသည်။

အနောက်တောင်မုတ်သုံလေ ဆုတ်ခွာမှုအခြေအနေအနေဖြင့်လည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၃)ရက်မှ (၈) ရက်အတွင်း မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း၊ အောက်တိုဘာ (၉)ရက်မှ (၁၄) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှ လည်းကောင်း ဆုတ်ခွာသွားဖွယ်ရှိကြောင်း မိုးဇ/လ က အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here