ကိုကင်း ခိုးသွင်းသည့် စင်္ကာပူနိုင်ငံသူနှစ်ဦးအား မနီလာလေဆိပ်၌ဖမ်းမိ

0
405

စင်္ကာပူ၊စက်တင်ဘာ ၂၉

စင်္ကာပူနိုင်ငံသူတစ်ဦးနှင့်၎င်း၏သမီးဖြစ်သူတို့သည် ပီဆို ၇၆ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း) တန်ဖိုးရှိသည့် ကိုကင်း ၁၄ ဒသမ ၃၆ ကီလိုဂရမ်အား ဖိလစ်ပိုင်နိုင်ငံတွင်းသို့ တရားမဝင်သယ်ဆောင်လာရာ မနီလာအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်းသိရသည်။

Manila Times သတင်းဌာန၏ဖော်ပြချက်အရ အဆိုပါကိုကင်းများအား မနီလာအကောက်ခွန်ဌာန၏စစ်ဆေးမှုကြောင့် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဆက်လက်စုံစမ်းစစ်ဆေးမှုများအရ တရားခံများသည် အသက် ၆၃ နှစ်အရွယ်ရှိ စားသောက်ဆိုင်ဝန်ထမ်းအမျိုးသမီးနှင့် ၎င်း၏သမီးဖြစ်သူ အသက် ၃၉ နှစ်အရွယ်ရှိအမျိုးသမီးတို့ဖြစ်ကြောင်းသိရသည်။

၎င်းတို့သည် အဆိုပါမူးယစ်ဆေးများအား ဘစ်ကစ်ဗူးခွံများ၊အထုပ်များနှင့် လက်ဖက်ခြောက်၊ကော်ဖီမှုန့်ထည့်သည့်ဗူးခွံများအပြင် ရှုံ့ကြိုးပါသည့်အိတ်များထဲသို့ထည့်၍သယ်ဆောင်လာခြင်းဖြစ်ကြောင်းသိရသည်။

မူးယစ်ဆေးများအား လက်ဝယ်ဖမ်းဆီးရရှိမှုကြောင့် သိမ်းဆည်းရမိသောမူးယစ်ဆေးများနှင့် တရားခံများအား ဖိလစ်ပိုင်မူးယစ်တားဆီးနှိမ်နင်းရေးအေဂျင်စီသို့လွှဲပြောင်းပေးအပ်ခဲ့ပြီး ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်းလည်းသိရသည်။

Source : Today


LEAVE A REPLY

Please enter your comment!
Please enter your name here