မြန်မာနိုင်ငံတွင် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလအတွင်း အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ရောက်ရှိနိုင်

0
300

မြန်မာနိုင်ငံတွင် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလအတွင်း အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ရောက်ရှိနိုင်သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ စက်တင်ဘာ ၂၈ ရက်ကထုတ်ပြန်ခဲ့သည်။

မိုးဇလ၏ထုတ်ပြန်ချက်အရ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့်လေထုဖြစ်စဉ်များမှာ အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေတွင်ရှိနေကြောင်း သိရသည်။

ထို့ကြောင့် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလအတွင်းအားကောင်းသော အယ်လ်နီညိုအခြေအနေသို့ရောက်ရှိနိုင်ပြီး ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလမှစတင်၍ အယ်နီညိုအခြေအနေမှာ တဖြည်းဖြည်းပြန်လည်လျော့ကျလာနိုင်သည်ဟု မိုးဇလကခန့်မှန်းထားသည်။

အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊နေ့အပူချိန်များမြင့်မားခြင်း၊မုန်တိုင်းဖြစ်ပေါ်မှုများမူမမှန်ခြင်း၊မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။

ထို့ကြောင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန် မိုးဇလက အသိပေးတိုက်တွန်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here