အလုပ်အကိုင် အခွင့်အလမ်း (၄၆၀) ကျော်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခုခွင့်ပြု

0
138

ပြည်တွင်း အလုပ်သမား (၄၆၁) ဦးအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ (၉/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

စက်မှုကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖက်စပ်လုပ်ငန်း (၂)ခုတို့ကို အတည်ပြု‌ပေးခဲ့ခြင်းဖြစ်ပြီး CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်းနှင့် Adhesive Resin အမျိုးမျိုး ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၀ ဒဿမ ၆၁၉ သန်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အစည်းအဝေးတွင် မတည်ငွေရင်း ပမာဏတိုးမြှင့်မည့် လုပ်ငန်း (၁)ခု အပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၃)ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here