၁၂ ဘီးကား အရှိန်မထိန်းနိုင်ဘဲ ခရေပင်နှင့်အိမ် ၃ လုံးကိုဝင်တိုက်မိခဲ့မှု ပေါင်မြို့နယ်တွင်ဖြစ်ပွား

0
171

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်ရှိ ဥတ္တံတားကျေးရွာတွင် စက်တင်ဘာ ၂၉ ရက်နံနက် ၁၁ နာရီခန့်က ၁၂ ဘီးကုန်တင်ကားမှ အရှိန်မထိန်းနိုင်ဘဲ ခရေပင်နှင့်နေအိမ် ၃ လုံးကိုဝင်တိုက်မိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

” ၁၂ ဘီးကားက ကလေးကစားစရာဆိုင်နားက ခရေပင်ကိုဝင်တိုက်မိတယ် ခရေပင်လဲသွားပြီး အရှိန်များနေတော့မရပ်ဘဲ ကစားစရာဆိုင်ရှေ့ခြမ်းနဲ့ပန်းထိမ်ဆိုင်နဲ့နောက်ထပ်အိမ်တစ်လုံးကိုဝင်တိုက်တယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘဲ နေအိမ် ၂ လုံး၊ကစားစရာဆိုင်နှင့်အုတ်တံတိုင်းများပျက်စီးခဲ့သဖြင့် လူမှုကူညီရေးအသင်းဝင်များက ပျက်စီးမှုများအား ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here