မြန်မာနိုင်ငံ၌ မြန်မာ-ရုရှား စီးပွားရေးဆိုင်ရာဖိုရမ်ကျင်းပနိုင်ရေးကိုဆွေးနွေး

0
151

မြန်မာနိုင်ငံ၌ မြန်မာ-ရုရှား စီးပွားရေးဆိုင်ရာဖိုရမ်ကျင်းပနိုင်ရေးကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်နှင့်ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ မစ္စတာအန်နာသိုလီဘူးလော့ချ်နိကော့ တို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်မှ မစ္စတာအန်နာသိုလီဘူးလော့ချ်နိကော့ အား စက်တင်ဘာ ၂၉ ရက်နံနက် ၁၀ နာရီက နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာ-ရုရှားနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရေး၊ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ခြင်းအပါအဝင် စွမ်းအင်ထုတ်လုပ်ရေးကဏ္ဍများ၊ရွှေနှင့်သတ္တုတူးဖော်ရေးကဏ္ဍ၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ မြန်မာ-ရုရှား စီးပွားရေးဆိုင်ရာဖိုရမ်ကျင်းပနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here