နိုင်ငံ့ဝန်ထမ်းများအား လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေး ၃၀၀၀၀ ကျပ်အား လစဥ်ခံစားခွင့်ပြုကြောင်း နစက မှထုတ်ပြန်

0
1139

နိုင်ငံတော်တာဝန်ထမ်း‌ဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများ၊တပ်မတော်(ကြည်း၊ရေ၊လေ)ဝန်ထမ်းများအား လက်ရှိလစာအပြင် တစ်လလျင်အပိုထောက်ပံ့ကြေး ၃၀၀၀၀ ကျပ်အား လစဥ်ခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။

ထိုသို့ အပိုထောက်ပံ့ကြေးခံစားခွင့်ပြုခဲ့ရခြင်းမှာ ဝန်ထမ်းများ၏ စားဝတ်နေရေးသက်သာချောင်လည်မှုရှိစေရန်အတွက် လစဉ်ခံစားခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အစိုးရဌာနများနှင့်အဖွဲ့အစည်များရှိ နေ့စားအလုပ်သမားများ၏ လုပ်ခအားအလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခကျပ် ၄၈၀၀ အပေါ်တွင် အပိုထောက်ပံ့ကြေးအဖြစ် ၁၀၀၀ ကျပ်ထပ်မံခံစားခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အပိုထောက်ပံ့ကြေးခံစားခွင့်ပြုခြင်းအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမိန့်ကြေညာစာထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here