ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူများအား မြန်မာနိုင်ငံမှစိစစ်၍ ရှေ့ပြေးစီမံချက်ဖြင့်ပြန်လည်လက်ခံရန် အသင့်ပြင်ဆင်ထားမှုကိုဆွေးနွေး

0
143

ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူများအား မြန်မာနိုင်ငံမှစိစစ်၍ ရှေ့ပြေးစီမံချက်ဖြင့်ပြန်လည်လက်ခံရန် အသင့်ပြင်ဆင်ထားမှုများအား နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးကျော်မျိုးထွဋ်နှင့်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi တို့ဆွေးနွေးခဲ့ကြသည်။

ဒု-ဝန်ကြီးဦးကျော်မျိုးထွဋ်မှ UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi အား စက်တင်ဘာ ၂၉ ရက်နံနက် ၁၁ နာရီက နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူများအား မြန်မာနိုင်ငံမှပြန်လည်စိစစ်ပြီး ရှေ့ပြေးစီမံချက်ဖြင့် ပြန်လည်လက်ခံရန် မြန်မာဘက်မှ အသင့်ပြင်ဆင်ထားမှုတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် UNHCR နှင့်လက်ရှိပူးပေါင်းဆောင်ရွက်မှုနှင့်အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here