ပြည်ပ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၇) ဘီလီကျော်ရရှိခဲ့

0
323

ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်၏ ခြောက်လတာကာလအတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ အမေရိကန်‌ဒေါ်လာ ၇ ဒသမ ၀၃ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့်အချက်အလက်များအရ သိရသည်။

အဆိုပါတင်ပို့မှုသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၁၅ ရက်အထိဖြစ်ပြီး နိုင်ငံပိုင်ကဏ္ဍအ‌နေဖြင့် တင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဒသမ ၁၇ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကန်ဒေါ်လာ ၄ ဒသမ ၇၆ ဘီလီယံကျော်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်ပပို့ကုန်တင်ပို့မှုအခြေအနေကိုကြည့်ပါက ယခုဘဏ္ဍာနှစ်အတွင်း ပုဂ္ဂလိကကဏ္ဍမှ တင်ပို့မှုလျော့ကျနေပြီး နိုင်ငံပိုင်တင်ပို့မှု မြင့်တက်လာကြောင်း ဖော်ပြထားသည့် စာရင်းအချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံသည် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း နှင့် ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် စက်မှုကုန်ချောပစ္စည်းများကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအပါအဝင် ကုန်သွယ်ဖက်နိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။

photo – Myanmar Logistics Guide


LEAVE A REPLY

Please enter your comment!
Please enter your name here