MMA အိန်ဂျလာလီ အနားယူတော့မည်ဟုကြေငြာ

0
236

စင်္ကာပူ၊စက်တင်ဘာ ၃၀

MMA ကစားသမား အိန်ဂျလာလီသည် အားကစား‌လောကမှ အနားယူ‌တော့မည်ဖြစ်ကြောင်း ပရိသတ်များအားကြေငြာခဲ့သည်။

စက်တင်ဘာ ၃၀ ရက် စနေနေ့၌ စင်ကာပူ မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပခဲ့သည့် ONE Fight Night 14 ပွဲစဉ်တွင် လီက ၎င်း၏ပရိသတ်များကို အားပေးမှုအတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ကာ ယခုကဲ့သို့ အနားယူမည့်အကြောင်းလည်းပြောကြားခဲ့ခြင်းဖြစ်သည်။

ONE Championship ၏ atomweight တန်းချန်ပီယံတစ်ဦးဖြစ်ပြီး အသက် ၂၇ နှစ်အရွယ်ရှိသည့် မစ္စလီသည် ၂၀၂၂ ခုနှစ်အောက်တိုဘာလကတည်းက ယှဉ်ပြိုင်ကစားမှုများကိုရပ်နားထားခြင်းဖြစ်သည်။

၎င်း၏ညီမဖြစ်သူ ဗစ်တိုးရီးယားလီသည်လည်း အသက် ၁၈ နှစ်သာရှိသေးကာ atomweight တန်း၏ ချန်ပီယံတစ်ဦးဖြစ်သော်ငြား ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလက မိမိကိုယ်ကိုယ်မိမိ အ-ဆုံး-စီ-ရင်-ကာ-သေ-ဆုံးသွားခဲ့သူတစ်ဦးဖြစ်သည်။

“ဒီနေ့မှာပဲ ကျွန်မအနေနဲ့ အားကစားလောက ကနေအနားယူပြီဖြစ်ကြောင်းကြေငြာလိုပါတယ်၊ အားကစားသမားတစ်ဦးအဖြစ်ရပ်တည်ခဲ့တဲ့ရှစ်နှစ်တာကာလကလည်း အင်မတန်ကောင်းမွန်စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်၊ကျွန်မရဲ့ပရိသတ်တွေ၊ONE Championship နဲ့တစ်ကွ ကျွန်မရဲ့အဖွဲ့သားများ၊ONE Championship ရဲ့ MD မစ္စတာ Chatri (Sityodtong) တို့ကိုလည်းကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်” ဟုဆိုခဲ့သည်။

လီသည် စင်္ကာပူနှင့်အမေရိက ကို ကိုယ်စားပြုသော ကစားသမားတစ်ဦးအဖြစ် အားကစားလောကတွင်ရပ်တည်ခဲ့ပြီး အသက် ၁၉ နှစ်အရွယ်ဖြင့်ပင် ၂၀၁၆ ခုနှစ် မေလတွင် စတင်ကျင်းပသော Atomweight အမျိုးသမီးကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ၌အနိုင်ရရှိကာ ONE Championship ၏အသက်အငယ်ဆုံးကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်လာခဲ့သူလည်းဖြစ်သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here